ဧဒင်အချစ်ပုံပြင်

Sunday 2 August 2015

ဖုန်းအားသွင်းရင် ဖုန်းပြောရင် ဘာဖြစ်သလဲ

Image result for phone battery charger callဖုန်းအားသွင်းရင်း ဖုန်းပြောရင် ပေါက်ကွဲပါတယ် ဆိုတဲ့ သတင်းများ ထွက်ပါတယ်။ ယင်းသတင်းများဟာ မှားယွင်းပါတယ်။ လေယာဉ်ပေါ်မှာ ပေါက်ကွဲတာတွေရော၊ အိမ်မှာပေါက်ကွဲတာတွေရော၊ အသားတွေကွာကျနေတာတွေကော အားလုံးက hoax တွေ မမှန်ကန် သတင်းတွေသာ ဖြစ်ပါတယ်။
အကယ်၍ ဖုန်းထုတ်တဲ့ ကုမ္ဗဏီက ထုတ်တဲ့ အော်ရီဂျင်နယ် အားသွင်းကြိုး၊ အားသွင်း အဒတ်တာ တုံး ကို အသုံးပြုမယ်ဆိုရင် ဘာမှ မဖြစ်ပါဘူး။ အကယ်၍ တရုတ်ပြည်က ဝင်တဲ့ Thrid Party ကြိုးများဆိုရင်တော့

ဇူလိုင်လ (၃၁) ရက်နေ့က ရန်ကုန်၊ Myanmar Event Park မှာ ကျင်းပခဲ့တဲ့ သဘင်၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များမှ တင်ဆက်ခဲ့တဲ့ ရေဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေ အလှူပွဲတော် ဖျော်ဖြေပွဲ

Nan Khin Zayar – 8 Days Cover Photos Set

Nan Khin Zayar 8 Nan Khin Zayar   8 Days Cover Photos Set

Wednesday 10 December 2014

မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း

မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း
အဆိုတော် မတင်ဇာမော်ရဲ့ ၅ လ အတွင်း ပေါင်ချိန် ၄၀ လောက် ကျအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းလေးကို ထပ်ဆင် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
"ကိုင်းးးး အစားထိန်းတာ တစ်ခုထဲနဲ့ ၅လနီးပါးအတွင်း လေ့ကျင့်ခန်းမလို ပိန်ဆေးမလို ပဲ ဝိတ်ကျနိုင် တယ်ဆိုတာယုံပြီလားးး ဒီဇင်ဘာလလယ်၂၀၁၃ မှာ ပေါင်ချိန်၁၆၀ နီးပါးကနေ မေလလယ်၂၀၁၄ မှာ ၁၂၃ပေါင်ကျန်တယ် ဆက်ကြိုးစားမယ်ဗျိုး နောက်ထပ်၁၀ပေါင်လောက်ကျရင်တော်ပြီ

ယူနီယံဂျက်အလံအောက်က သခင်ကြီး

အသက်(၈၄)နှစ်အရွယ် ဦးစံမြင့်ကို တွေ့ရစဉ်/ဓာတ်ပုံ - ကျော်ဇင်သန်း
‘‘မောင်မင်းလူကလေး’’
မြန်မာစကားကို အင်္ဂလိပ်လေယူလေသိမ်းဖြင့်ပြောသည့် ထိုတင်တင်စီးစီးစကားသံကို နယ်ချဲ့တော်လှန်ရေးဇာတ်ကားကြည့်ဖူးသော ပရိသတ်များ မှတ်မိကြဆဲဖြစ်ပါလိ့မ်မည်။
ယူနီယံဂျက်အလံအောက်က ဗြိတိသျှအရေးပိုင်မင်းအဖြစ် တော်လှန်ရေးကားတိုင်းလိုလိုမှာ ၎င်းကိုမြင်တွေ့ရမည်ဖြစ်သည်။

Sunday 30 November 2014

Valentine's Dav HD .apk


မိမိတို့ရဲ့ဖုန်းမျက်နှာပြင်လေးမှာ
ဓာတ်ပုံလှလှလေးတွေထည့်
့်လို့လည်းရတယ်မိမိကြိုက်နှစ်
်သက်ရာဓာတ်ပုံကိုထည့်လို့
လည်းရပါတယ်ဖုန်းမျက်နှာပြင်ဘယ်
လိုလန်းလည်းဆိုတာကို
သေချာသိအောင်ပုံလေး
တွေနံ့တင်ပေးထားပါတယ်။
Valentine's Dav HD. apk
လေးကတစ်ကယ်လန်းတာနော်
ကြိုက်နှစ်သက်သူများ...

Sunday 14 September 2014

အစ်မ မရှိစဉ် ခယ်အိုဖြစ်သူမှ ခယ်မအား သားမယားအဖြစ်ပြုကျင့်



၉၊၀၉၊၂၀၁၄နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၅၆ ကီလိုကွားဝေးသော နခေါပုထုန် မြို့နယ်အပိုင် ဆမ်ဖလန်းရပ်ကွက်ရှိ ပလတ်စတစ်ရုံတွင် အလုပ် လုပ်နေသော အလုပ်သမငယ်လေးတစ်ဦးအား ခယ်အိုဖြစ်သူမှ အလိုမတူ သားမယား အဖြစ်ပြုကျင့်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။

အခင်းဖြစ်စဉ်မှာ  အသက် ၁၇ နှစ်အရွယ်ရှိ မဇာသည် ပလစ်စတစ်စက်ရုံတွင် ညပိုင်းအလုပ် လုပ်ကိုင်သူဖြစ်သောကြောင့် နေ့လည်တွင် အခန်းသို့ပြန်လည် အနားယူရာတွင်

Tuesday 9 September 2014

မြန်မာ့စပါးကြီး တနင်္ဂနွေနေ့မှာမင်္ဂလာဆောင်ပါပြီ(vedio)


မြန်မာ့စပါးကြီး  Aung La Nsang တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်လိုက်ပါပြီ။

သတို့သမီးကတော့ Katherine Oliphant ဖြစ်ပါတယ်။

တိမ်ပြာပြာ နေ့တနေ့၊ နေသာတဲ့နေ့ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ ကျင်းပတဲ့ မင်္ဂလာပွဲမြင်ကွင်း ၆ မိနစ်စာ ရုပ်သံဖိုင်ကို ဒီစာ အဆုံးမှာ ထည့်ထားပါတယ်။
အင်တာနက်မြန်နှုန်းသင့်ရင် ကြည့်လို့ အဆင်ပြေပါမယ်။

မင်္ဂလာပွဲမတိုင်ခင် တပတ်အလိုမှာ မိုးလေ၀သ ဌာနက ခန့်မှန်းခဲ့တာကတော့ ပွဲနေ့မှာ မိုးရွာနိုင်ချေ ရှိတယ် ဆိုတာပါပဲ။ အဲဒီနေ့ တခြားအချိန် ရွာချင်လည်း ရွာခဲ့ပါလိမ့်မယ်။ ရုပ်သံထဲမှာတော့

Lu Lu Aung - New Talented Model Collection Album

Lu Lu Aung - New Talented Model Collection Album (1) Lu Lu Aung random collection photos collection. She is a new model and write something which you most impressed about her photos. Enjoy 9 more photos inside

Aye Myat Thu and Ma Htet Selfie Snapshots

Aye Myat Thu and Ma Htet Selfie Snapshots Ma Htet ( Make Up Artist ) in myanmar upload these photos on her facebook to share with her fans. She is not the only but yeah your favorite model Aye Myat Thu photos are here. check it out

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်ထဲက ရွာတရွာမှာ ပါးစပ်ပေါက် ၊ နှုပ်သီး(၂)ပေါက်၊ မျက်စိ(၃)လုံးပါတဲ့၊ ၀က်ကလေးတကောင် မွေးဖွားခဲ့ပါတယ်။ DVB TV - 09.09.2014

၁ဝနှစ်ကျော် ထားခဲ့တဲ့ ဆံပင်ရှည်ကို ညှပ်လိုက်ပြီ ဖြစ်တဲ့ ခေတ်သစ် နောနော်

စာမျက်နှာတွေပေါ်က ပျောက်ချက်သား ကောင်းနေတဲ့ တေးသံရှင် နောနော်နဲ့ မတွေ့တာ ၆လနီးပါး ရှိပါပြီ။ ပြန်တွေ့ဖြစ်တဲ့ အချိန်မှာတော့ နောနော်က အရင်နောနော် နဲ့ ကွဲပြားနေပါတယ်။ သူ့ကိုမြင်တွေ့နေကျ ပုံစံဆံပင် ရှည်ရှည် တွန့်တွန့်နဲ့ မဟုတ်တော့ဘဲ ဘေးအပြောင် နဲ့ အပေါ်ကို ဘေးခွဲထားတဲ့ ဆံပင် ပုံစံနဲ့တွေ့ ရပါတယ်။ ဒါက စိတ်သစ် လူသစ်နဲ့ အရာရာကို

Sunday 31 August 2014

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့(၇)မျိုး


Photo: အမျိုးသမီးများတွင် ထင်ရှားသောမှဲ့(၇)မျိုး 
---------------------------------------------

-ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။

-ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။

-မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)

-မျက်ရည်ခံမှဲ့ (ညာရယ်)

-နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။

- ရွှပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။

- စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုး သမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုး ရှိ တယ်။

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှား ရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေ တယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ် တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များ သောအားဖြင့် ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်းကျော်ကြားတတ်တယ်။နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေ မှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိ တယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီး တွေဟာ ကျောက်နီ ၊ ပတ္တမြား၊ စိန်နှစ်သက် ရာ တစ်ခုခုကို လက်သူကြွယ်မှာ ၀တ်ဆင် ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင် ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာ ဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုး သမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်း သာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။နောက်ပြီးသား ကောင်း ၊သမီးကောင်းတွေ ထွန်းကားကြ တယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော် ကြား တဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင် ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘ၀တွင် ဘာသာတရား လိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အ ထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ် လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ် လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ က တည်းက ကြမန်းတမ်းတဲ့ ဘ၀ခရီးကို အ ကွေ့ အကောက်များစွာနဲ့ ဖြတ်သန်းရတတ် တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များ တတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆို ရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက် အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြား မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်း ထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက်ဆုံး ရှုံးမှု့ကြီးများစွာနဲ့ ကြုံတွေ့ရတတ်ပြီးအသက် ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ် တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံး တတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ် တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အ မျိုးသမီးတွေဟာ ဘာသာတရားကို အထူး လိုက်စားပြီး ကိုယ်ကျင့်တရားအထူး ကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ် ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရ မယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ် အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်း၊ ဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ၀တ် ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နား မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်း ထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တ ဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ် ၀တယ်။ မူယာမာယာ များတတ်ကြ တယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ်ပြောင်ခေါင်း စိမ်းရတနာတို့ကို ၀တ်ဆင်သင့်တယ်။ အနီ ရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ် တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင် ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ၀န်းရံ နေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီး တော့ လူချစ်လူခင် အားကြီးများတယ်။ စန်း ပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူ ရောင် အစိမ်းရောင် ရတနာမှန်သမျှ ၀တ် ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင် ထင် ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာ မည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့် အပေါ်ကို အိမ်ထောင်ဘက်ကချစ်ခင် အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက် လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာ တော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရ လေ့ရှိတယ်။ သူတို့တွေအတွက် အကောင်း ဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲ တန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့် တယ်။ အဖြူရောင် ကျောက်မျက်ရတနာမျိုး စုံနဲ့ သင့်မြတ်တယ်။

credit - ဆရာဟိန်းတင့်ဇော်
-ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။

-ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။

-မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)

-မျက်ရည်ခံမှဲ့ (ညာရယ်)

-နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။

- ရွှပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။

- စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုး သမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုး ရှိ တယ်။

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ

မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို

မီဒီယာရှေ့တွင်တောင်း ပန်ပြီး  သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း   တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။
‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။
မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များလုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။

Saturday 23 August 2014

လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေတီခေါင်းလောင်းကို စောင့်ရှောက်နေသည်ဟုဆိုသောနဂါး ဝင်ပူးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို

Yangon Media Group's photo.Yangon Media Group added 2 new photos.

=====================================================
ငယ်ထွေး(ကလေး)
ရန်ကုန်၊
ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ဆယ်ယူရန် ကြိုးစားနေသည်မှာ ၁၃ရက်တိုင်ရှိ လာခဲ့ပြီဖြစ်သည်။
ယင်းသို့ သာကေတမြို့နယ်အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံသည့်နေရာ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူအမြောက် အမြားရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော်ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူးသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်မှာ ခေါင်းလောင်း ကြီးကို စောင့်ရှောက်နေသည်ဟုဆို သော နဂါးမောင်နှမသုံးဖော်ထဲမှ တစ်ဦးက လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် သီတာအေး (၅)လမ်းတွင် နေထိုင်သည့် အမယ်

Sunday 3 August 2014

မြန်မာမိန်းကလေးရဲ့ အရှက်မရှိ ၊အမျိုးမစောင့် မိဘ မောင်နှမ ဆွေးမျိုး ကိုပါမထောက်




Brave Hea Rt's photo.

Brave Hea Rt's photo.  မင်းကော ခွေးမဖြစ်သွားတာပေါ့။လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းတို့ လုပ်ကြပါဦးဗျာ ဒါခင်ဗျားတို့ပြောပြောနေတဲ့ အမျိုးသမီး အခွင့်အရေးလား၊
“ဖျက်ဆီးရုံသက်သက် ချစ်ရက်သူ(၃)”
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့မှာ အခုတလော အတွဲတစ်တွဲရဲ့ Viber နှင့် အပြန်အလှန် ပြောထားတဲ့စာတွေနှင့် ဓာတ်ပုံတွေ လူထုအတွင်း ပျံ့နှံ့လို့နေပါတယ်။

Friday 25 July 2014

Eain Dra Thiri Ko

မိဘခြေရာနင်းဖို့ မင်းသန့်မောင်မောင် ခြေလှမ်းစပြီလား


အကယ်ဒမီ မေသန်းနုနဲ့ အကယ်ဒမီ စင်ရော်မောင်မောင်တို့ရဲ့ တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်ဟာ သူ့ရဲ့ အနုပညာပထမဆုံး ခြေလှမ်းအဖြစ် ကန်တော်ကြီးမှာ ကြော်ငြာတစ်ခုကို စတင်ရိုက်ကူးခဲ့ပါတယ်။ မင်းသန့်မောင်မောင် မိဘတွေရဲ့ ခြေရာတွေကို နင်းပြီလား။
အသက် ၁၇နှစ်ပြည့်ပြီဖြစ်လို့ အနုပညာနယ်မှာ ခြေချမယ်ဆိုတဲ့အတိုင်း ရုပ်သံကြော်ငြာတွေကို စရိုက်တာဖြစ်ပြီး ရုပ်ရှင်နဲ့ ဒါရုက်တာပညာကို နိုင်ငံခြားမှာ သင်ယူခိုင်းပြီး ပြန်လာတဲ့အခါ ရုပ်ရှင်ဒါရိုက်တာလုပ်ခိုင်းမယ်လို့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင်က ပြောပါတယ်။
အကယ်ဒမီများရှင် မိဘနှစ်ပါးလိုပဲ ထူးချွန်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တစ်ယောက်ဖြစ်စေချင်ပြီး ကမ္ဘာ့အဆင့်ကို ထိုးဖောက်နိုင်သူဖြစ်ဖို့ သူ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
မင်းသန့်မောင်မောင်ဟာ ဇူလိုင် ၂၃ရက်နေ့က Birthday Tea ကြော်ငြာကို သရုပ်ဆောင်ဟန်သီနဲ့ အမျိုးသားဇတ်ရုံမှာ ရိုက်ကူးခဲ့ပြီး ဒုတိယမြောက်နေ့မှာတော့ ကန်တော်ကြီးထဲမှာ ရိုက်ကူးခဲ့ပါတယ်။
ငယ်ငယ်တုန်းက အဖေဖြစ်သူနဲ့ အနုပညာအလုပ်တွေ လုပ်ဖူးပေမယ့် ကျောင်းတက်နေရလို့ အခုမှပဲ အနုပညာကို စတင်လုပ်ကိုင်ရသလိုဖြစ်ပြီး အဖေနဲ့အမေနှစ်ယောက်စလုံးက သရုပ်ဆောင်နဲ့ ဒါရိုက်တာ ပညာကိုသင်ပေးနေတယ်လို့ မင်းသန့်မောင်မောင်က ဆိုပါတယ်။
သူ့ကို ပရိသတ်အနေနဲ့ အားပေးကြဖို့နဲ့ သူ့အနေနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သက်ဆုံးတိုင်လုပ်သွားမယ်လို့ ဆိုပါတယ်။
by- kamayutmedia.

အမျိုးသမီးကိုယ်တွင်းရှိ လိင်အသုံးအဆောင်ပစ္စည်း ၁၀ နှစ်ကြာမှ တွေ့ရှိ


Photo: အမျိုးသမီးကိုယ်တွင်းရှိ လိင်အသုံးအဆောင်ပစ္စည်း ၁၀ နှစ်ကြာမှ တွေ့ရှိ 
Friday, July 25, 2014

Aberdeen တော်ဝင်ဆေးရုံမှ ၀န်ထမ်းများသည် ပြည်တည်နာနှင့် ခန္ဒာကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းသည့် ရေဂါခံစားနေရသော အမျိုးသမီးတဦးအား ကုသပေးခဲ့ရာ ထိုအမျိုးသမီးသည် အင်မတန်အဖြစ်နဲသော Vesicovaginal fistula ဟူသော ဝေဒနာခံစားနေရကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ ဝေဒနာသည် ဆီးသွားသည့်အခါ သားအိမ်လမ်းကြောင်းအတွင်းသို့ ဆီးများ စီးဝင်စေသည်ဟု ဆိုသည်။

ယင်းအမျိုးသမီးအား စမ်းသပ်မှုများပြုလုပ်ရာ ၎င်း၏လိင်အင်္ဂါအတွင်း၌ ၅ လက်မအရွယ်အစားရှိ sex toy က သူမ၏ ဆီအိမ်အပေါ် ဖိမိလျက်ရှိနေကြောင်း တွေ့ရသည်ဟု huffington post က ဖော်ပြသည်။ ယင်းကြောင့် ဆီးအိမ်ပိတ်ဆို့ပြီး ကျောက်ကပ်အတွင်း ဆီးစုစည်းမှု ဖြစ်စေသည်ဟု ဆိုသည်။

၎င်းအမျိုးသမီးက လွန်ခဲ့သော ၁၀ နှစ် အမျိုးသားတဦးနှင့် လိင်ဆက်ဆံစဉ်က ဖော်ပြပါ ကိရိယာ အသုံးပြုခဲ့သည်ကို မှတ်မိကြောင်း၊ သို့သော် ပြန်ထုတ်မိသလောဟူသည်ကိုမူ အမှတ်မရတော့ကြောင်း ပြောသည်။

သူမ၏ ရောဂါအခြေအနေမျိုးသည် တွေ့ခဲ ဖြစ်ခဲဖြစ်သောကြောင့် ဆရာဝန်များက ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြရသည်အထိ ဖြစ်ခဲ့သည်။

ပုံ - x-ray တွင်မြင်ရပုံ 
Ref ; Journal of Sexual Medicine, Huffington Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Aberdeen တော်ဝင်ဆေးရုံမှ ၀န်ထမ်းများသည် ပြည်တည်နာနှင့် ခန္ဒာကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းသည့် ရေဂါခံစားနေရသော အမျိုးသမီးတဦးအား ကုသပေးခဲ့ရာ ထိုအမျိုးသမီးသည် အင်မတန်အဖြစ်နဲသော Vesicovaginal fistula ဟူသော ဝေဒနာခံစားနေရကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ ဝေဒနာသည် ဆီးသွားသည့်အခါ သားအိမ်လမ်းကြောင်းအတွင်းသို့ ဆီးများ စီးဝင်စေသည်ဟု ဆိုသည်။

အောင်ပွဲဆင် မသန်စွမ်းတစ်ဦးရဲ့ အိမ်ပြန်လမ်း


Photo: အောင်ပွဲဆင် မသန်စွမ်းတစ်ဦးရဲ့ အိမ်ပြန်လမ်း
Friday, July 25, 2014

ပြည်ပဆိုက်ရောက်ထွက် ပေါက်မှ  ပြုံးပျော်စွာဆတ်တောက်တောက်လျှောက် လှမ်းလာသည့် အသက် (၂၅)နှစ်အရွယ်မိန်းကလေးကို လေဆိပ် အတွင်းရှိနေသူတို့က  အထူး အဆန်းလိုက်လံကြည့်ရှုနေကြသည်။    လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝှီးချဲဖြင့်ရောက်ရှိလာပြီး ဝှီးချဲပေါ်မှဆင်းလာကာ လာရောက်ကြိုဆို သည့်မိသားစုများဝန်းရံလျက် ပြည်တော်ပြန်ရောက်ရှိလာသည့်မိန်းကလေးက သူ့ကိုစောင့်ကြိုနေကြသည့်ဆွေ မျိုးသားချင်းနှင့် သူငယ်ချင်း တချို့ထံ ခပ်သွက်သွက်လျှောက်သွား သည်။

ပန်းစည်းလေး    ကမ်းလာ သည့်သူငယ်ချင်းမိန်းကလေးတစ် ဦးက သူ့ကိုကြင်နာစွာပွေ့ဖက် လိုက်သည်။ သူကလည်း ဘယ် လက်ကလေးကို  ဆန့်တန်းကာ လက်ထိပ်ရှိ လက်ချောင်းလေးနှစ် ချောင်းဖြင့် သူငယ်ချင်းဖြစ်သူ ကို ပြန်လည်ပွေ့ဖက်ကာ   အလွမ်း စကားသံများ ပွင့်အန်ကြသည်။

သူ့ကိုဝိုင်းကြည့်နေသည့် လေဆိပ်ထဲမှလူများကို ရှိသည် ဟုတောင်မထင်ဘဲ ဆွေမျိုးသား ချင်းများကြား ကလေးငယ်တစ်ဦး သဖွယ်   ခပ်သွက်သွက်လျှောက် လှမ်းရင်း    တစ်ဦးချင်းလိုက်လံ နှုတ်ဆက်နေသည့်မိန်းကလေးကို ကြည့်ပါက ဘယ်ဘက်ခြေထောက် တစ်ချောင်းသာ အကောင်းပက တိရှိနေသည်ကိုတွေ့ရမည်။

သူကတော့ သြစတြေးလျ နိုင်ငံမှ မူဝါဒပိုင်းဆိုင်ရာမဟာဘွဲ့ ကို ထူးချွန်အောင်မြင်စွာဆွတ်ခူး ရယူပြီး မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာသည့် နိုင်ငံကျော် မသန်စွမ်းအမျိုးသမီးငယ် မစုပုံချစ်ပဲဖြစ်ပါသည်။

ဇူလိုင် ၂၀ ရက်ညနေသုံးနာ ရီခွဲလေယာဉ်ဖြင့် အမိမြေသို့ စုပုံချစ်ပြန်လည်ရောက်ရှိလာခဲ့ သည်။ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက သြစတြေး လျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည့် မစုပုံချစ်မှာ တစ်နှစ်နှင့်ခုနစ်လတိတိပြည့် မြောက်သောနေ့တွင် မသန်စွမ်း လူငယ်တို့၏စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ် မဟာဘွဲ့တစ်ခုကိုအရယူ ကာ ပြည်တော်ဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

မစုပုံချစ်သည် အကောင်း အတိုင်းရှိသည့်  ဘယ်ဘက်ခြေ ထောက်ကိုအသုံးပြုကာ စာရေး သားနိုင်ခြင်းဖြစ်သည်။ သူသည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး လေးဘာသာဖြင့်အောင်မြင်ခဲ့ပြီး နည်းပညာတက္ကသိုလ်  တက် ရောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်အနောက်ပိုင်းနည်း ပညာတက္ကသိုလ်မှ B.Tech(IT)ဘွဲ့ကိုရရှိခဲ့ပြီး သတင်းနှင့်နည်း ပညာအင်ဂျင်နီယာဘာသာရပ် အထူးပြုဖြင့် မဟာတန်းကိုဆက် လက်တက်ရောက်ခဲ့သည်။ မဟာ ဘွဲ့အတွက်    တက္ကသိုလ်ဆက် လက်တက်ရောက်နေစဉ် ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံ၌ ကျောင်းတက်ရန် ပညာတော်သင် ဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

  ထိုပညာတော်သင်ဆုမှာ မြန်မာနိုင်ငံမှ မသန်စွမ်းသူတစ်ဦး အနေဖြင့် ပထမဆုံးပြည်ပပညာ တော်သင်ဆုရရှိခဲ့ခြင်းလည်းဖြစ် ပြီး သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မစုပုံချစ်ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် တိမွေး ကုဆရာဝန်  ဒေါက်တာဦးအုန်း ကျော်နှင့်ဒေါ်ခင်ဆွေလဲ့တို့ကမွေး ဖွားခဲ့ပြီး    မွေးရာပါကိုယ်အင်္ဂါ မသန်စွမ်းသော်လည်း တစ်ဖက် တည်း   အကောင်းပကတိရှိနေ သည့်ခြေထောက်ဖြင့် စာရေးသား နိုင်ရန် ကြိုးပမ်းကာ ၂၀၀၅ ခုနှစ် တွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးတို့ ဖြင့် ဆယ်တန်းအောင်မြင်ခဲ့သည်။

စုပုံချစ်သည် ၂၀၀၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့တွင် စိတ်ဓာတ်ကြံ့ခိုင်ထူးချွန်ဆု၊ ၂၀၀၁ ခုနှစ်မြန်မာ့သွင်ပြင်အိုင်တီ လူငယ့်အမြင်ပြပွဲတွင် အထင်ပေါ် ဆုံးကျောင်းသူဆု၊ ၂၀၀၄ ခုနှစ် တွင် ဆယ်စုနှစ်ထူးချွန်ကျောင်း သူဆု၊ ၂၀၀၅ ခုနှစ်တွင် ဌာနဆိုင် ရာမသန်စွမ်းထူးချွန်ဆုတို့ကိုရရှိ ခဲ့ပြီး ပထမတန်းမှ တက္ကသိုလ် ဝင်တန်းအထိ အတန်းတိုင်းတွင် ဆုပေါင်း ၅၀ ကျော်ရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်သည်။

ကိုယ်အင်္ဂါမသန်စွမ်းသော် လည်း စွမ်းဆောင်နိုင်သူတစ်ဦး၊ စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ပညာရေး ကိုတစိုက်မတ်မတ်သင်ယူနေဆဲ ကျောင်းသူတစ်ဦးဖြစ်သည့် မစုပုံ ချစ်ကို ယခုကဲ့သို့ ထူးချွန်အောင် မြင်မှုများရရှိစေရန်    ပြုစုပျိုး ထောင်ခဲ့ပုံများကို မိခင်ဖြစ်သူ ဒေါ်ခင်လဲ့ဆွေက အောက်ပါအ တိုင်းပြောပြသည်။

‘‘အခုအချိန်ထိ သူဒီနေ့ဘာလုပ်မယ်၊ နောက်နေ့ဘာလုပ်မယ်ဆိုတာ ကိုယ်ကသိနေတယ်။ အခု နောက်ကလေးနှစ်ယောက်ကျ တော့    သာမန်ပဲဆိုတဲ့အတွက် သူတို့ကိုသိပ်စိတ်မပူဘူး။ စုပုံချစ် က ခေါင်းဆောင်နိုင်တဲ့စွမ်းရည်ရှိ တယ်။ သွားနိုင်လာနိုင်တယ်။ စီမံ ခန့်ခွဲနိုင်တယ်။ အဲဒီအရည်အချင်း တွေက   သူ့မှာသာလွန်တယ်။ သူလည်းတော်တော့်ကိုတော့ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့     ဒီလို လျှောက် လှမ်းခဲ့လို့သာ ဒီဘဝရနေတာလို့ ကျွန်မတို့က ဒီလိုပဲတွေး တယ်။ မိဘဘက်ကပံ့ပိုးတာ ၅၀ ရာခိုင်နှုန်းဆိုရင် သူ့ရဲ့ကြိုးစားမှုက ၅၀ ရာခိုင်နှုန်းရှိတယ်’’ဟု မိခင် ဖြစ်သူဒေါ်ခင်ဆွေလဲ့က  ပြောဋ္ဌသည်။

စုပုံချစ်၏ဖခင် ဒေါက်တာ ဦးအုန်းကျော်ကလည်း -

‘‘အဓိကကတော့ သမီး ငယ်ငယ်ကတည်းကပေါ့နော် ဘဝမှာဘယ်ဟာကိုဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာကို ပကတိ အဖြစ်တရားကို သူ့ကိုသိစေချင် တယ်။ သူ့ရဲ့အဖြစ်မှန်ကို သူ လက်ခံပြီးမှ ဘယ်လိုဆက်ပြီး တော့ကြိုးစားမလဲဆိုတာကို ရှင်း ရှင်းလင်းလင်းသိဖို့ကအဓိကပဲ။ ကျွန်တော်တို့က သူ့ကိုဘာမှသိုဝှက်ထားတာမရှိဘူး။   ပြောမယ်ဆိုရင် ပွင့်လင်းမြင်သာတယ်ဆို တာ အခုမှစတာ။ ကျွန်တော်တို့က သူငယ်ငယ်ကတည်းကစခဲ့ တာ။ သမီးဟာ ဘာဖြစ်နေတယ် ဆိုတာကိုပြောခဲ့ပြီးသား။ သမီးဘဝမှာမသန်စွမ်းဘူး။ သမီးဟာ ပညာကိုအခြေခံရမယ်။ ပညာသာလျှင် သမီးရဲ့ထွက်ပေါက်။ ဖေဖေတို့မိဘနှစ်ပါးက တစ်ချိန်မှာလူ့ဘဝကနေသမီးထက်စော ထွက်သွားရမယ်။ သမီးမှာပညာမရှိရင် မရပ်တည်နိုင်ဘူးဆိုတာကျွန်တော်သူငယ်ငယ်ကတည်းကပြောခဲ့တယ်။ အဲဒီတော့သူ ဟာ ငယ်ငယ်ကတည်းက ဒီပညာအပေါ်မှာအခြေခံခဲ့တာတွေဟာ ခုအချိန်မှာမှန်တယ်လို့ယူဆရတာပေါ့။ သမီးဘဝမှာ ပညာ ကြောင့်မို့လို့ သူဟာပညာရဲရင့်ပွဲလယ်တင့်တယ်ဆိုတာ တကယ်မှန်ပါတယ်။ သမီးဟာပညာ ကြောင့်ပဲ သူ့ရဲ့စာသင်ခန်းတစ်ခုမှာ ရပ်တည်နိုင်ခဲ့တယ်။ ဒီစာသင်ခန်းထက်ကျယ်တဲ့လောကလူ့ အဖွဲ့အစည်းမှာ သူဟာနေရာ တစ်နေရာရလာတယ်။ ဒါအကုန်လုံးပညာအပေါ်မှာအခြေခံတာပါ။ သူ့ကိုတော့ ပညာရဲ့အရေးကြီးပုံ၊ ပညာဟာ အရာရာ ကိုဆင်ခြင်နိုင်တယ်ဆိုတာ  ငယ်ငယ်က တည်းက သင်ခဲ့ပါတယ်’’ ဟုရှင်းပြသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ The University ofNew South Wales (UNSW)တက္ကသိုလ်တွင်ပညာသင်ယူနေစဉ် တစ်နှစ် ခွဲကျော်ကာလအတွင်း မစုပုံချစ် ၏အစ်မဝမ်းကွဲဖြစ်သူ မသဲစုမွန် က သူ့ဘေးမှာတစ်လျှောက်လုံး ကူညီစောင့်ရှောက်ပေးခဲ့သည်။

‘‘စုပုံနဲ့ငယ်ငယ်ကတည်းက အတူတူနေလာတာဆိုတော့ ညီအစ်မတွေလည်းဖြစ်နေတော့ သူ့ရဲ့လိုအပ်တာမှန်သမျှ သိနေ တာပေါ့။ အဲဒီမှာ စရောက်တုန်း ကတော့ မြန်မာတွေအစကမတွေ့ဘူး။ သူနဲ့ကိုယ်နဲ့နှစ်ယောက် တည်း။ သူ့ကိုဒေါသထွက် ရတာ ပေါ့။ နင်မြန်မာတွေမရှိဘဲလာ တာလားဆိုပြီးတော့။ နောက်ကျ တော့မှ မြန်မာတွေတွေ့ပါတယ်။ ကူညီမယ့်လူတွေလည်းတွေ့ပါ တယ်။ သူ့ကိုလည်းချစ်ကြတော့ ကူညီကြပါတယ်’’ဟု မသဲစုမွန်က ဆိုသည်။

စုပုံချစ်သည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း၌ အမှုဆောင်တစ်ဦး အဖြစ်လည်း ဝင်ရောက်ဆောင် ရွက်နေသူဖြစ်သည်။ ခြေထောက် တစ်ချောင်းသာအကောင်းပက တိရှိသည့်သူသည် လက်နှစ်ဖက် နှင့်ခြေတစ်ဖက်မသန်စွမ်းသည့် ကလေးငယ်တစ်ဦးအဖြစ် မွေးဖွားလာခဲ့သော်လည်း ဘဝကိုစိတ် ပျက်အားငယ်ခြင်းမရှိဘဲ လုံ့လ ဝီရိယကောင်းသူတစ်ဦးအဖြစ် ကျောင်းသားလူငယ်များအတုယူ စရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ မက မသန်စွမ်းကလေးငယ်များ အတွက် ရှေ့ဆောင်လမ်းပြသူ တစ်ဦးအဖြစ် နာမည်ကျော်နေခဲ့ ခြင်းဖြစ်သည်။

ဘဝကိုဘယ်တော့မှ အရှုံး မပေးသူ မစုပုံချစ်က သူ့လိုမသန် စွမ်းလူငယ်များထံသို့လည်း အောက်ပါအတိုင်းစကားလက် ဆောင်ပါးခဲ့ပါသည်။

‘‘မသန်စွမ်းညီအစ်ကိုမောင် နှမတွေကိုပြောချင်တယ်။ ကြိုး စားပါ။ သမီးလည်းဒီလိုနိုင်ငံခြား ထိသွားပြီး ပညာသင်ရမယ်၊ နိုင်ငံခြားထိသွားပြီးဘွဲ့ရအောင် ယူနိုင်မယ်လို့ ငယ်ငယ်တည်းက မတွေးခဲ့ဘူး။ ဒါပေမဲ့ ကိုယ်လုပ် ချင်တာတော့ရှိတာပေါ့နော်။ အဓိကကတော့ ဖြစ်ချင်တာတွေ ကို အရင်ဆုံးစိတ်ကူးပါ။ စကား ပုံတစ်ခုရှိတယ်လေ။ စိတ်ကူးထားတယ်ဆိုတာ တစ်ဝက်အောင်မြင် တာတဲ့။ အဲဒီတော့ စိတ်ကူးပါ။ ပြီးရင် အားမလျှော့ပါနဲ့။ ကြိုးစား ပါ။ အခုအချိန်မှာ မသန်စွမ်းတွေ ရဲ့အခွင့်အလမ်းက အရမ်းကိုပွင့် နေပါပြီ။ နိုင်ငံတကာကလည်း မသန်စွမ်းတွေကိုကူညီဖို့ သူတို့ အဆင်သင့်ရှိပါတယ်။ ပြီးရင် ဖြစ် ချင်တဲ့ရည်မှန်းချက်တစ်ခုထားပါ။ဘယ်တော့မှတော့ ရည်မှန်းချက် တော့အပျောက်မခံပါနဲ့’

7Day Daily
ပြည်ပဆိုက်ရောက်ထွက် ပေါက်မှ ပြုံးပျော်စွာဆတ်တောက်တောက်လျှောက် လှမ်းလာသည့် အသက် (၂၅)နှစ်အရွယ်မိန်းကလေးကို လေဆိပ် အတွင်းရှိနေသူတို့က အထူး အဆန်းလိုက်လံကြည့်ရှုနေကြသည်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝှီးချဲဖြင့်ရောက်ရှိလာပြီး ဝှီးချဲပေါ်မှဆင်းလာကာ လာရောက်ကြိုဆို သည့်မိသားစုများဝန်းရံလျက် ပြည်တော်ပြန်ရောက်ရှိလာသည့်မိန်းကလေးက သူ့ကိုစောင့်ကြိုနေကြသည့်ဆွေ မျိုးသားချင်းနှင့် သူငယ်ချင်း တချို့ထံ ခပ်သွက်သွက်လျှောက်သွား သည်။

Thursday 24 July 2014

အိန္ဒိယ လူငယ်တစ်ဦး၏ ပါးစပ်ထဲမှာ သွားအသေး (၂၃၂)ချောင်းကို ဆရာဝန်များ ဖယ်ရှားပေးခဲ့


အိန္ဒိယ နိုင်ငံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များသည် (၇)နာရီကြာ Operation တစ်ရပ်အပြီးတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး၏ ပါးစပ်ထဲမှ သွားအသေး (၂၃၂)ချောင်းကို ဖယ်ရှားပေးခဲ့ကြောင်း သိရှိရသည်။
အသက်(၁၇)နှစ်ရှိ အေရှစ်ခ်ဂါဗိုင်သည် ၎င်း၏ ညာဘက်ပါးရိုး၌ ရောင်ကိုင်းနာကျင်နေခြင်းကြောင့် သွားဘက်ဆိုင်ရာ ဆရာဝန်များထံ လာရောက် ပြသခဲ့ကြောင်း မွမ်ဘိုင်းရှိ JJဆေးရုံ၊ သွားဘက်ဆိုင်ရာ ဌာန အကြီးအကဲ ဒေါက်တာ ဆူနန်ဒါဒီဝါရီက ပြောကြားခဲ့သည်။

Wednesday 23 July 2014

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ,

ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း


Photo: ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Wednesday, July 23, 2014

ယခုရက်ပိုင်းအတွင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ဦးနေဝင်း၏မြေးများဖြစ်ကြသည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့က ဦးတေဇ ပိုင် အေဂျီဒီဘဏ်၏ ရှယ်ယာများကိုဝယ်ယူ ကာ ပြည်တွင်း ဘဏ် လုပ်ငန်း အတွင်းဝင်ရောက်လုပ်ကိုင် လာမှုနှင့် အေဂျီဒီ ဘဏ်၏ရှယ်ယာ မည်ရွေ့မည်မျှကိုဝယ်ယူပိုင်ဆိုင်ထားသည်ဆိုခြင်းတို့အပေါ် စိတ်ဝင်စားမှုမြင့်တက်နေရာ ၎င်းနှင့် ပတ် သက် ၍ ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒီမိုကရေစီ တူဒေးတို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။  
မေး-စီးပွားရေးလုပ်ငန်းတွေ အများကြီးထဲက မှ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ဖို့ ဘာလို့ရွေး ချယ်ခဲ့ပါသလဲ။

ဖြေ-ကျွန်တော်တို့ ထောင်ကနေလွတ်လာပြီး နောက်ပိုင်းမှာ လုပ်ကိုင်ဖို့သင့်တော်တဲ့လုပ် ငန်းတွေကိုလေ့လာခဲ့ကြပါတယ်။ အဲဒီအထဲ မှာ ကိုကျော်နေဝင်းက နိုင်ငံတော် သမ္မတရဲ့ ရည်ရွယ် ချက် တွေထဲမှာပါတဲ့ ဆင်းရဲမွဲတေ မှုပပျောက်ရေးကို အထောက်အကူပြုနိုင်မယ် လို့ ယူဆရတဲ့ လျှပ်စစ်မီးပေးရေးတို့ လမ်း ပန်းဆက်သွယ်ရေး ပိတ်ဆို့ကျပ်တောက် မှု လျော့ပါး ရေး တို့စတာ တွေအပါအဝင် အခြား လုပ်ငန်းတွေကိုစတင်လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ဘဏ်တစ်ခုရှိနေရင် ပိုကောင်းမယ်ဆိုတာကို တွေ့လာတာကြောင့် ဘဏ် လုပ်ငန်း ကိုလုပ် ကိုင်ဖို့ ပါ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့စစ် တပ်က မိသားစုတွေဆိုရင် အခွင့်အရေးယူပြီး ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ မှတ်ထင် နေကြပါ တယ်။ တကယ် တော့ တာဝန် သိတဲ့ လုပ်ငန်းဆောင်တာတွေကို အများအကျိုးပြု အောင် လုပ်တတ်ကိုင် တတ်ကြတယ်ဆိုတာ ကိုပြချင်ပါတယ်။ အဲဒီလိုဆန္ဒမျိုးလည်းအခြား သော တပ်မိသားစု တွေမှာ လည်းရှိ နေကြ တာ တွေ့ရလို့ ဝမ်းသာမိပါတယ်။

မေး-ဦးတေဇပိုင် တဲ့  AGD ဘဏ်မှာ ရှယ် ယာတွေဝယ်ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့ရပါသလဲ။ ဦးတေဇနဲ့ အစ်ကိုတို့မိသားစု ဆက်ဆံရေးက ရော ဘယ်လိုရှိပါသလဲ။
ဖြေ- AGD ဘဏ်မှာ ရှယ်ယာဝယ်ယူဖို့ ဆုံး ဖြတ်လိုက်တာကတော့ ကိုတေဇတို့နှင့် ကျွန် တော်တို့ မိသားစုဆိုတာ ဟိုအရင် အထဲက ပုဂ္ဂိုလ်ချင်းသံယောဇဉ်ရှိခဲ့ကြသူတွေဖြစ်တာ ကတစ်ကြောင်း၊ ဘဏ်ကိုယ်တိုင်ကလည်း မှတ် ကျောက်အတင်ခံ နိုင်တဲ့အနေအထားမျိုး ယုံ ကြည်လောက်တာကတစ်ကြောင်းတို့ကြောင့် ပါ ပဲ။ ကိုတေဇရဲ့ဖခင် ကွယ်လွန်သူ ဗိုလ်မှူး ကြီးမြင့်ဆွေ ဟာ ကျွန်တော်တို့ အဘိုးရဲ့ ယုံ ကြည်ခဲ့ရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ် ခဲ့ပါတယ်။ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ် ရင်းက အရာရှိတစ်ဦးဖြစ်တာကြောင့် ကျွန် တော်တို့ မိသားစု ချင်း ဆက်ဆံရေးဟာ နှစ် ပေါင်းခြောက် ဆယ်ကျော်ခဲ့ပြီ လို့ ပြောလို့ရပါ တယ်။ နောက်ပိုင်း တပ်မတော်ထောက်လှမ်း ရေးယန္တရားကြီးကိုတည်ဆောက်ရာမှာလည်း ကိုတေဇတို့ ဖခင် ကပါဝင်ခဲ့ပါတယ်။ နယ်ဘက် ဌာနဆိုင်ရာအဖြစ်နှင့်လည်း မြန်မာဆေးဝါး ပစ္စည်းထုတ်လုပ်ရေး ဘီပီအိုင်မှာ တာဝန်ပြန် ပေးခဲ့ပါတယ်။ နောက်တစ်ခုက ဘဏ်ကိစ္စပါ။ အခု မြန်မာနိုင်ငံမှာလုပ်နိုင်ကိုင်နိုင်ကြတဲ့ဘဏ် တွေ အများအပြား ရှိပါတယ်။ အဲဒီအထဲက AGD ဘဏ်ရဲ့ထူးခြားချက်ကတော့အနှောင် အဖွဲ့ကင်းတဲ့တတိယအကဲဖြတ်ဖွဲ့ဖြစ်တဲ့ Ernst and Young  ကနေပြီး အားရကျေနပ်လောက် စရာ အကဲဖြတ်မှုစစ်တမ်းတွေ လုပ်ပေးထား ခဲ့တာလဲဖြစ်ပါတယ်။

မေး - ဦးတေဇအနေနဲ့ အနောက်နိုင်ငံအချို့ မှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေခံနေရဆဲ အခြေအနေမျိုးမှာ ပူးပေါင်းလိုက်တဲ့ အတွက် ကိုယ့်အတွက်ဆိုး ကျိုးတွေရှိ လာမှာမျိုး အတွက် ရော စဉ်းစား ခဲ့တာမျိုးရှိပါသလား။
ဖြေ - အဲဒါနဲ့ပတ်သက်လို့ကတော့ ဘဏ် ကိုယ်တိုင်က သူ့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရာ မှာ မလျော်ကန်တဲ့ကိစ္စတွေလုပ်ခဲ့တာ လုံးဝ မရှိပါဘူး။ အဲဒါကြောင့် ဘဏ်ကိုသက်သက် ကြည့်မယ် ဆိုရင် ဘာမှပိတ်ဆို့အရေးယူစရာ အကြောင်းမရှိပါဘူး။ အခု လိုဖြစ်နေခဲ့ တာက ဘဏ်မှာတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်အချို့က အရင်ပြီးခဲ့တဲ့အစိုးရနဲ့ နီးနီးကပ်ကပ် ပတ်သက် ခဲ့တဲ့အတွက် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ တာပါ။ အဲဒီတော့ လူပုဂ္ဂိုလ်တွေအပြောင်း အလဲလုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီပြဿ    နာက လည်း ပြေလည်သွားနိုင်စရာအကြောင်းတွေ ရှိပါတယ်။
မေး- ဘဏ်ရဲ့ရှယ်ယာ ၆ဝရာခိုင်နှုန်းဝယ်ယူ ပြီးပြီပြောပေမယ့် ဘဏ်ရဲ့တာဝန်ရှိသူတွေက အဲဒီပမာဏမဟုတ်ဘူး လို့ ပြောဆိုနေကြတဲ့ အပေါ်မှာ အများနားလည် အောင်ရှင်းပြ ပေးပါ။
ဖြေ - ဘဏ်ကိုယ်တိုင်က အဆင့်ဆင့်လုပ်နေ ရတဲ့အချိန်မှာ အောက်ကလူတွေမသိရှိသေး တာလည်းပါပါတယ်။ ဒီနေ့ (ဇူလိုင် ၂၂ရက်)နေ့မှာပဲ ဘဏ်တာဝန်ရှိသူတွေ အစည်းအ ဝေးလုပ် ကြပါ တယ်။ မကြာခင်မှာပဲဘဏ်က နေကြေညာချက် ထွက်လာပါ လိမ့်မယ်။ ကျွန် တော်အနေနဲ့ကတော့ လက်ရှိအချိန်မှာရှယ် ယာ ၆၀ ရာခိုင်နှုန်းကို ဝယ်ယူပြီးပြီဖြစ်ပြီး နောက် ခြောက် လအတွင်းမှာ ၈၅ရာခိုင်နှုန်း အထိ ဝယ်ယူဖို့စီစဉ်နေပါပြီ။

မေး - အစ်ကိုတို့ရဲ့ ငွေကြေးတွေအပေါ်မှာ ပြည်သူတွေကသံသယဖြစ်နေတာနဲ့ ပတ်သက် ပြီး ဘယ်လိုဖြေရှင်းချင်ပါသလဲ။
ဖြေ- အဲဒါကတော့ ရှင်းပါတယ်။ ကျွန်တော် တို့မိသားစု နိုင်ငံတော်အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပါဝင်ခဲ့တဲ့အချိန်ကနေစပြီး ယနေ့ ထက် ထိပိုင်ဆိုင်မှုတစ်စုံတစ်ရာကို ပြည်တွင်းပြည်ပ ဘယ်မှာ မှ ချိတ်ပိတ်ခံထားရတာ၊ စစ်ဆေးခံ ရတာဆိုတာ လုံးဝမရှိခဲ့ပါ ဘူး ။ နောက်ပြီး ဘယ်နိုင်ငံကမှလည်း ကျွန်တော်တို့ မိသားစု ဝင်တွေကို ပြည်ဝင်ခွင့်ကန့်သတ်ခဲ့တာ လုံးဝ မရှိခဲ့ပါ ဘူး။ အခုလို ဝီကီလိခ်တွေတောင် ဖော်ကောင်လုပ်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ထက် နည်းပညာအစစအရာရာ သာလွန်တဲ့နိုင်ငံတွေ က ကျွန်တော် တို့ မိသားစုသာ မဟုတ်တာလုပ် ခဲ့မယ်ဆို ရင် တစ်မျိုးမျိုး ဖော်ထုတ်မှာပဲဖြစ်ပါ တယ်။ အဲဒီလိုမျိုး နိုင်ငံတကာ အသိုင်း အဝိုင်း မှာ ကျွန်တော်တို့မိသားစုကို တစ်လေးတစ်စား လက်ခံပြီး လူဝင်ဆံ့တာကိုက ရာထူးအာဏာ ကို အလွဲသုံး စားလုပ်ပြီး ကိုယ်ကျိုး စီးပွားအ တွက် မလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒါကြောင့် လည်း ကျွန်တော်တို့ထောင်က ထွက်ပြီဆိုတာနဲ့ နိုင်ငံတကာ မိတ်ဆွေတွေက ယုံယုံကြည်ကြည် နဲ့ ရင်းနှီး မြှုပ်နှံပြီး အကျိုးတူ ပူးပေါင်းဆောင် ရွက်ဖို့ ကမ်းလှမ်းလာကြတာဖြစ်ပါတယ်။

မေး- AGD ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး အနာဂတ်ရည်မှန်းချက်က ဘာပါလဲ။
ဖြေ- AGD ဘဏ်ကို ပြည်တွင်းမှာသာမက နိုင်ငံတကာအဆင့်အတန်းမီအားကိုးလောက် တဲ့ လုပ်ငန်းကြီးဖြစ်အောင်ဆောင်ရွက် သွားဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် လည်း အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ဒီလွိုက်စ်အဖွဲ့နှင့် စတင်လုပ်ဆောင်နေ ပါပြီ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူတင်ပါတယ်ခင်ဗျာ

ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်း။
dailydemocracytoday
ယခုရက်ပိုင်းအတွင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ဦးနေဝင်း၏မြေးများဖြစ်ကြသည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့က ဦးတေဇ ပိုင် အေဂျီဒီဘဏ်၏ ရှယ်ယာများကိုဝယ်ယူ ကာ ပြည်တွင်း ဘဏ် လုပ်ငန်း အတွင်းဝင်ရောက်လုပ်ကိုင် လာမှုနှင့် အေဂျီဒီ ဘဏ်၏ရှယ်ယာ မည်ရွေ့မည်မျှကိုဝယ်ယူပိုင်ဆိုင်ထားသည်ဆိုခြင်းတို့အပေါ် စိတ်ဝင်စားမှုမြင့်တက်နေရာ ၎င်းနှင့် ပတ် သက် ၍ ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒီမိုကရေစီ

Sunday 20 July 2014

အဆိုတော်ထူးအယ်လင်းကြိုက်သွားတာက သဲစိတ်ကို အလိုလိုက်ပြီး ဖြစ်သွားတာပါ

 ကယ်ရိုလိုင်း (Calroline)၊
၂၃နှစ်၊
B.A (Eco)၊ တောင်ကြီးတက္ကသိုလ်။



  • (ဓာတ်ပုံများ - သော်ဟိန်းထက် / ဧရာဝတီ)
အခုလတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေက ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးတယ်။ ဗီစီဒီသီချင်းတွေ ရိုက်ပေးဖြစ်တယ်။ သဲရဲ့တကိုယ်တော်ခွေအတွက် အသံသွင်းတာတွေ လုပ်နေတယ်။ သဲရဲ့ တကိုယ်တော်အခွေကို ၂၀၁၅မှာ ပရိသတ်လက်ထဲကို ပို့ပေးနိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းတွေကတော့ အမျိုးစားအစုံပါပဲ။

ငယ်ငယ်ကတည်းက၀ါသနာပါခဲ့တာက သီချင်းဆိုတာပါ။ မော်ဒယ်လ်အလုပ်ကတော့ အရင်ဆုံးလုပ်ဖြစ်သွားတာပါ။ သီချင်းဆိုတာက ဘုရားကျောင်းမှာရော ခရစ္စမတ်ပွဲတွေမှာလည်း ဆိုဖြစ်တယ်လေ။ မော်ဒယ်လုပ်ရင်းကနေ ဗီစီဒီရိုက်၊ သီချင်းတွေရိုက်ရင်းကနေ ကိုယ့်သီချင်းအခွေလေးပါ လုပ်မယ်ဆိုပြီး လုပ်နေတာပါ။
Related Posts Plugin for WordPress, Blogger...